လာလည်တဲ့ တွက်ကျေးဇူးတင်ပါသည်

အင်တာနက်မှ နှစ်သက်မိတာလေးများကို စုဆောင်းထားခြင်းသာ ကျနော်၏ ကိုယ်ပိုင်များ မဟုတ်ပါ။ လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါသည်။ (TheinZawYgn)

22 November 2011

မော်နီတာကို ကြာကြာကြည့်နိုင်ဖို့ ဒါကိုသုံးပါ

 ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ဆော့ဖ်ဝဲလ်လေးတစ်ခု လက်ဆင့်ကမ်းမျှဝေချင်ပါတယ်.နာမည်က F.lux ပါ. သူ့ရဲ့ အထူးပြုအကြောင်းအရာကတော့ မော်နီတာတွေအတွက် အလင်းရောင်ကို အလိုအလျှောက်ချိန်ပေးတာပါပဲ.

နေ့ခင်းမှာ နေ့ခင်းအလျှောက်၊ ညနေခင်း အလင်းရောင်နည်းသွားချိန်မှာ နည်းသွားတဲ့အလျှောက်၊ ညဉ့်နက်သန်းခေါင် သန်းလွဲအချိန်မှာလည်း သူ့အချိန်အခါအလျှောက် ရှိသင့်တဲ့အလင်းရောင်ပမာဏကို ချိန်ပေးသွားတာပါ.

1. For xp/vista/Window7 user http://stereopsis.com/flux/flux-setup.exe
2. For Mac OS X https://secure.herf.org/flux/Flux.zip
3. For Linux Users https://secure.herf.org/flux/Flux.zip

http://mmbloggershelpdesk.blogspot.com/2010/10/blog-post.html မှ ကူးယူဝေမျှပါသည်။

13 November 2011

တိတ်ဆိတ် ငြိမ်သက်
အက်ကွဲ ရှတ
ညတညရဲ့ အထီးကျန်ဆန်မှုမျိုး
ဘယ်လောက်ဂဏန်းနဲ့
မြှောက်ပြီး ကြုံတွေရဦးမှာပါလိမ့်
ကာရံမညီတဲ့ ပန်းချီက
အလွမ်းရနံ့တွေ
ရှတနေတုန်းပဲ
သတိရတယ်ချစ်သူ ...။

Thein Zaw Ygn

07 November 2011

ကျနော် ကြိုက်နှစ်သက်မိသော တာယာမင်းဝေ ကဗျာများ

တောင်စွယ်မှာ
နေကွယ်တာကိုမြင်သားပဲ
ဘာဖြစ်လဲ...
အဲ့ဒိဓားကမလွဲခဲ့ဘူး ဆိုယင်တောင်
ငါကလည်း မပြုလဲခဲ့ပါဘူးကွယ်....။

အမှားများစွာကို ရှာတွေ့လိမ့်မယ်...
အမှန်တခုကိုလည်းရှာရလိမ့်ဦးမယ်။


အမှန်ကို မမြင်နိုင်တဲ့မျက်လုံးနဲ့စာရင်
ကန်းနေတဲ့မျက်လုံးက ပိုကောင်းတယ်


တချို့လူတွေရဲ့စိတ်ထားက
စကတ်ရှည်ရှည်ဝတ်ထားကြတယ်


ငါခုတ်ခဲ့တာ မဟုတ်ပါဘူး
ငါက......
အဲ့ဒိအတ်ကွဲကြောင်းထဲမှာ
ညပ်နေတဲ့ ဓါးတလက်ပါ။


ကျနော် ရဲရင့်ပါ့မယ်အရှင်
ဒါပေမယ့်
ကျွန်တော့အတွက် သွေးကိုတော့
အဖြူအတိုင်းပဲပေးစေချင်ပါတယ်။
ငယ်သူ့စကားကို ကြားလွယ်ပါ့မလား
ကျွန်တော်ကတော့ ကောင်းကင်ကိုမော့ပြီး
စောင့်စားနေခဲ့ရ။

လူကြီးလူကောင်းမတယောက်
လက်ဖျောက်တချက်တီးလိုက်တယ်
(ဆပ်ကပ်ဆရာတယောက်က ခွေးလိမ္မာကို အချက်ပေးလိုက်သလိုမျိုး)
အဲ့ဒီမှာ ရိုကျိုးနေတဲ့ ငါ့နှလုံးသားကလည်း
မီးကွင်းထဲကျွမ်းထိုးဝင်လိုက်တော့တာပဲ။

အပြေးသန်သူ

သူမက
ကရာတေးကျွမ်းတယ်တဲ့
ဘာဖြစ်လဲ.....
အဲ့လက်သီးက
မလွဲခဲ့ဘူး ဆိုရင်တောင်
ငါကလည်း
မနှေးခဲ့ပါဘူးကွယ်...။

(တာရာမင်းဝေကဗျာရဲ့ ကာရံလေးကို
ကူးချတားပါသည်)

အိမ်ပြန်ရောက်ပါပြီ

မိုးကလည်း၊ တငွေ့ငွေ့ရွာတယ်
ဘာကိုမှ မစိုရွှဲတာကလွဲရင်
ရင်ထဲကိုရေဝင်ခဲ့ရ။
နတ်ပူးမှာတော့ မကြောက်ပါဘူး။
လူစုန်းပူးရင်တော့ နံတတ်တယ်။
နက်ဖြန်ခါ ဘယ်သူပြန်လာမလဲ။
စောင့်ဆိုင်းရင်း နှင်းတွေသည်းပြန်ရော
တောင်လေလာရင် ရွေ့မယ်လို့
တစ်နေ့တစ်နေ့ ပူကျက်ခဲ့ရတဲ့တိမ်
အခု အိမ်ပြန်ရောက်ပါပြီ။
(တာရာမင်းဝေ ကိုယ်ရေးကိုယ်တာပုရပိုက်)















မင်းနဲ့ ငါနဲ့ ရည်းစားမဖြစ်ရင် ဘာလုပ်ကြမှာလဲ..????








သီချင်းတစ်ပုဒ်ကိုကြားဖူးကြမှာပါ
"မင်းနဲ့ ငါနဲ့ရည်းစားဖြစ်ရင် ဘာတွေလုပ်ကြမလဲ"
"မင်းကိုငါက အနမ်းလေးပေးရင် မင်းစိတ်ဆိုးမှလား"

ချစ်သူရည်းစားဖြစ်ကြမယ်ဆိုရင် ဘာတွေလုပ်ကြမလဲဆိုတာ သိပ်တော့ခက်ခဲတဲ့ ပုစ္ဆာတော့မဟုတ်ပါဘူး ။ မူလတန်းကျောင်းသူလေးတစ်
ယောက်ကပြောဘူးတယ် ' ချစ်သူရည်စားဖြစ်ရင်လက်တွဲပြီးေ ပြးကြမှာပေါ့ ' တဲ့။ ရုပ်ရှင်တွေထဲလဲ ဒီလိုပါပဲ ။ နောက်တစ်ယောက်က
' သီချင်းတွေဆိုကြမှပေါ့ ' လို့ပြောတယ် ။ ' ကူလားကားတွေမှဆို၇င်တော့ ချစ်သူတွေကကြတာပေါ့ ' ချစ်ခင်သူတွေဟာ အတူသွား
အတူစား ၊ အမြဲတတွဲတွဲ အခွဲဘဲနေကြတယ်လို့ အနုပညာရှင်များက ဖော်ကျူးကြတယ်။
အရင်ခေတ်က ရုပ်ရှင်ကားတွေက ပျော်ရွှင်မူတွေနဲ့ ဇတ်သိမ်းလေ့ရှိကြတယ် ။ သူတို့ပျော်ရွှင်စွာနေသွားကြလေသတည်း ။ (They live
every happy after )ဆိုပြီးစာတန်းထိုးဇတ်သိမ်းကြတယ်။ လွယ်ကူတဲ့ ကောက်ချက်တွေပဲဖြစ်တယ် ။ ပြဿနာ မဟုတ်ပါဘူး ။

ပြဿနာက ' မင်းနဲ့ ငါရည်းစားမဖြစ်ရင် ဘာတွေလုပ်ကြမလဲ ' ဆိုတာပါပဲ။

ကောင်လေးကကောင်မလေးကိုကြိုက်တယ် ။ ရည်းစားစာပေးတယ် ။စကားလိုက်ပြောတယ်။ လူကြီးတွေကနေချဉ်းကပ်တယ်။
ကောင်မလေးက မကြိုက်ဘူး ။ရည်းစားမဖြစ်ဘူး ။ ဒါဆို ဘာလုပ်မလဲ ။ နောက်ပြဿနာတစ်ခုကိုတင်ပြပါမယ် ။ ကောင်လေးနဲ့ကောင်မလေး ကြိုက်သွားကြတယ် ။ ချစ်သူရည်းစားဖြစ်သွားကြတယ် ။ ဒါပေမဲ့ သူတို့ နှစ်ယောက်သဘောထား မတိုက်
ဆိုင်လို့ ခွာပြဲသွားကြတယ် ။ဒါဆိုရင် ဘာတွေလုပ်ကြမလဲ။

စဉ်းစားကြည့်ရင်လူတိုင်း အတွဲတွေဖြစ်တာမှ မဟုတ်တာဘဲ ။ မိန်းကလေးနဲ့ယောက်ျားလေးတွေ့ဆုံ ကြပေမဲ့ ရည်းစားတွေ ချစ်သူတွေဖြစ်
မလားကြပါဘူး ။ တစ်ယောက်ရဲ့ အချစ်ကိုနောက်တစ်ယောက်က ရာနူန်းပြည့်မျှော်လင့်လိုမရဘူး ။ ရည်းစားဖြစ်လာရင်လည်း ချစ်ခင်
ပေါင်းသင်းကာ လင်မယားဖြစ်လာပါမလား ။ ချစ်တိုင်းမညားကြပါဘူး ။

လင်မယားဖြစ်ရင်လည်း သေတစ်ပန်သက်တစ်ဆုံး မပေါင်းနိုင်ကြဘဲခွဲကြသူတွေ အများကြီးပါပဲ ။ ဆရာသော်တာဆွေရေးခဲ့သလို
' ဆန်ဆုံစား ၊ ကံကုန်သွား ' ဆိုတာရှိတယ်။ ကြုံကြဆုံကြတဲ့အခါ ထမင်းအတူစားကြပေမယ့် ကံမကောင်းအကြောင်းမလှရင် ခွဲ
ရတာတွေလည်း ရှိတယ်လိုဆိုလိုတာပါ ။

ဒါတွေကိုဆန်းစစ်လိုက်ရင် ချစ်သူတွေလဲ ကံဆုံရင်ဆုံမယ်။ မဆုံချင်လည်း မဆုံဘူး။ ဒီတော့ ချစ်ကြတဲ့အထိမရောက်ဘဲ ဇတ်သိမ်းသွားရတာတွေရှိသလို ချစ်ကြပြီးမှလဲ ခွဲခွာသွားရတာတွေရှိပါတယ် ။ လင်နဲ့မယားဆိုတဲ့ ရာသက်ပန်ရိုးမြေကျ ပေါင်းရပါစေ
ဆုတောင်းပေမယ့်လည်း ကွဲကြတဲ့သူတွေရှိတယ် ။
ဒါကြောင့် " မင်းနဲ့ငါနဲ့ရည်းစားမဖြစ်ရင် ဘာတွေလုပ်ကြမလဲ " ဆိုတာစဉ်းစားဖို့လိုတယ် ။ ရည်းစားနဲ့ ကွဲတဲ့လူတွေကို တွေ့ဖူးပါတယ်။
" အသေသတ်ချင်တယ် " တဲ့
" သူ့မျက်နှာမကြည့်ချင်ဘူး "
" လူယုတ်မာ" လိုပြောတာတွေတောင်ရှိသေးတယ် ။

ရည်းစားတွေကွဲသွားရင် သူတို့မုန်းသွားကြတယ်လို့ပြော တယ် ။ ဘာကြောင့်တစ်ချိန်ကအင်မတန်ချစ်တဲ့သူတွေဟာ မုန်းသွားကြတာလဲ
လောကမှာ မချစ်ရင်မုန်းရရောလား။အချစ်နဲ့အမုန်းဆိုတာအစွန်းနှစ်ဖက်မှတည်နေတာပါ။ သူတို့ကြားမှာအကန့်ကန့်တွေအများကြီး
ရှိမှာပါ ။ချစ်သူနှစ်ဦးကွဲကွာ(ခွဲခွာ)သွားကြတာနဲ့ပဲ သူတို့နှစ်ယောက်ဟာ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်နိုင်ကြတာ တကယ်
တော့သဘာဝမကျပါဘူး။ ကျွန်တော်ဆိုလိုတာဒါမျိုးမဖြစ်သင့်ဘူးလို့ပါပဲ။

ဒါနဲ့ပတ်သက်ပြီးမိတ်ဆွေတစ်ယောက် ကို ဆွေနွေးဖူးတယ် ။
" တစ်ယောက်နဲ့တစ်ယောက် ချစ်တာသဘာဝကျတယ် ။ ခွဲခွာသွားတာလည်း သဘာဝကျတယ်။ ဒါပေမဲ့ ခွဲခွာသွားတိုင်း မုန်းသွားတာကို
တော့ သဘာဝမကျဘူး လို့ ကျွန်တော်ယူဆတယ်"
သူက " ဒါက ခံစားမူတွေပါပဲ ။အချစ်ကြီး၇င်အမျက်ကြီးတယ်ဆိုတာ ခင်ဗျား ကြားဖူးမှာပေါ့ " ကျွန်တော်ခေါင်းညိတ်လိုက်တယ်။
ခင်ဗျာစဉ်းစားကြည့်စမ်း ချစ်သူတွေသာမုန်းကြတာ အတူနေသူတွေသာရန်သူဖြစ်တာ သတိထားမိရဲ့လား။ တစ်ခါမှ မတွေ့ဆုံဘူး
တဲ့သူကို ဘယ်သူကမှ မမုန်းဘူး ။ကိုယ့်မိတ်ဆွေတွေ၊ ကိုယ့်ဆွေမျိုးတွေ၊ ကိုယ့်သားမယားတွေ ဒါမှမဟုတ် ချစ်သူတွေအကြားမှပေါ့လေ ။
ဒီလိုတွေမှပဲ အချစ်တွေရှိသလို အမုန်းတွေလဲရှိတာကိုတွေရမယ် ။

"ဟုတ်ပါတယ်"
"ခင်ဗျား တစ်ခါမှ မချစ်ဖူးတဲ့လူတစ်ယောက် ၊ တစ်ခါမှ မခင်ဘူးတဲ့သူတစ်ယောက်ကို ခင်ဗျား ဘယ်လိုမုန်းမလဲ "
' အင်းကျွန်တော်လည်း ဒါကိုပဲ စဉ်းစားနေတာပါ ၊" မိဘက သားသမိးကိုချစ်တယ်လေ " ဟုတ်တယ် ချစ်တယ်ဆိုတာ အကျိုးလိုလားခြင်း
ပဲ " မိဘဆိုတာ သားသမိးရဲ့ အကျိုးကို လိုလားမှပေါ့ ။ ဒါပေမဲ့ ဒီသားသမီးက မဟုတ်တာတစ်စုံတစ်ခုလုပ်ရင် အမုန်းကြီးမုန်းကာ
အမွေပြတ်ကြေညာတဲ့အထိ ဖြစ်တာတွေရှိတယ် ။
"မိဘနဲ့သားသမီးကြားမှာတောင် ဒီလိုဖြစ်ရင် ကွဲကွာကြတဲ့ချစ်သူတွေက ပိုဆိုးတော့မှပေါ့ " ဒါပေမဲ့ ကျွန်တော်တို့ မစဉ်းစားကြလိုပါ ။
တစ်ချိန်က အသက်တမျှချစ်ခင်သူတွေဟာ နောက်ရော ဘာလို့ မိတ်ဆွေလို မချစ်ခင်နိုင်ရတာလဲ ။

အတူသွား ၊ အတူစား အတူလာခဲ့တယ် ။

အနစ်နာခံခဲ့တယ် ။

အဆင်မပြေလို့ လမ်းခွဲတာခွဲပေါ့ ။

ဘာလို့အမုန်းတွေပွားကြတာလဲ ။

"ကျွှန်တော်တို့ မရင့်ကျက်သေးလို့ပေါ့လို့ "မိတ်ဆွေက ပြောတာပါ။
သူက တရားဓမ္မဘက်ကပြောတာလား ။ လူသားသဘာဝကိုပြောတာလား။ ကျွန်တော်သေသေချာချာ မသိပါ ။ လူသားတွေရဲ့ အတွေး
အခေါ်မြင့်မားလာတဲ့ အခါ အမုန်းတွေကို မတည်ဆောက်ကြတော့ဘူး ။မေတ္တာကိုသာ တည်ဆောက်ကြမယ်လို့ပညာရှင်တွေကဆိုတယ်။
ဘာကြောင့်လည်းဆိုတော့ အမုန်းသည် လူသားအကျိုးစိးပွားကို ပျက်စီးစေလို့ပါပဲ။

လူဆိုတာ တစ်ယောက်တည်း အထီးကျန်နေလို့မရပါဘူး ။ လူတစ်ယောက်ရဲ့စားဝတ်နေရေးအားလုံးဟာ တစ်ဖက်သားကို မှီခို
နေရတာချည်းပါပဲ ။ဒါကြောင့် လူသားတွေချစ်ခင်ကြလေ( ရန်သူမဖြစ်၊ မိတ်ဆွေသာဖြစ်ကြလေ) အကျိုးစီးပွားဖြစ်ထွန်းလေပါပဲ။ "ကျွန်တော်က လမ်းခွဲမှ မျက်ရည်မကျစတမ်းဆိုတာကိုပဲ သဘောကျတယ်လို့ " မိတ်ဆွေကပြောတယ်။

သူပြောပေမယ့် လူတွေရဲ့ခံစားမူ ၊ စိတ်လူပ်ရှားလွယ်မူ ( Emotion) တွေက လူကိုနာကြည်းစေတယ် ။ ဘာလိုဖြစ်ဖြစ်ဟန်ဆောင်
တာလေးပဲဖြစ်ဖြစ် အမုန်းမပွားတာအကောင်းဆုံးပါပဲ ။

လောကမှာ ဆုံကြတာတွေ အများကြီး ။ ကွဲကြတာ အများကြီး ။ ပုံပြင်တွေလည်း အများကြီးပါပဲ ။
တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြင် နာတာကောင်းပါတယ် ။
မင်းနဲ့ ငါနဲ့ ရည်းစားမဖြစ်ရင်ရော။ ဘာတွေလုပ်မလဲ။
ဘာပဲလုပ်လုပ် အမုန်းမပွားဖို့သာ အရေးကြီးပါတယ် ။
တကယ်တော့ လောကမှာချစ်မေတ္တာထားစရာတွေ အများကြီးပါပဲ ။
မမုန်းပါနဲ့ ၊ ရန်မဖြစ်ပါနဲ့ ၊ ချစ်ကြပါ ။( Do not make war, Make Love .)



( ဒေါက်တာခင်မောင်ညို ရဲ့ ဆောင်းပါးလေးကိုမျှဝေပေးတာဖြစ် ပါတယ် )

06 November 2011


သာဓု နဲ့ ပါပု (Just for fun)







သာဓု - “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု - “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့
လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့
အားခဲနေကြတယ်”

သာဓု - “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု - “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”

သာဓု - “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု - “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့
မိန်းမခိုင်းလို့ လုပ်ရတယ်”

သာဓု - “မိန်းမဆိုတာဘာလဲ”
ပါပု - “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက
ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”

သာဓု - “မယားငယ်ဆိုတာ ဘာလဲ”
ပါပု - “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”

သာဓု - “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ပါပု - “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”

သာဓု - “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
ပါပု - “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို
တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနိုင်တာတော့ အမှန်ပဲ”

သာဓု - “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ပါပု - “စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”

သာဓု - “အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ပါပု - “နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့
အ၀တ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”

သာဓု - “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ”
ပါပု - “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက်
ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား”

သာဓု - “ယောက်ျားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို ဘာကြောင့်လဲသလဲ”
ပါပု - “အမျိုးမျိုးခံစားချင်တဲ့အခါ ယောက်ျားဟာ မိန်းမကိုလဲတယ်၊
အဲမိန်းမကတော့ ဘာမှမခံစားရတဲ့အခါမှာ ယောက်ျားကိုလဲတယ်”

သာဓု - “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
ပါပု - “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”

သာဓု - “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ပါပု - “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”

သာဓု - “ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ပါပု - “ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်”

သာဓု - “ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
ပါပု - “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့ ချီးကျုးတဲ့အခါမှာ”

သာဓု - “ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ပါပု - “ယောက်ျားအများကြီးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ဘ၀ကို
ယောက်ျားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘ၀နဲ့ လဲလိုက်ခြင်းပဲပေါ့”

သာဓု - “မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက် မှန်သမျှကို သိအောင် ဘယ်လိုရမလဲ”
ပါပု - “သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို ချီးမွမ်းကြည့်”


သာဓု - “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
ပါပု - “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပ၀ါတစ်ထည် ၀ယ်ပေးလိုက်”

သာဓု - “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ”
ပါပု - “ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို အဆုံးခံမလားလို့မေးတယ်၊
မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”

သာဓု - “ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ”
ပါပု - “စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ ကွာသလဲလိုပဲပေါ့”

သာဓု - “ဘီယာနဲ့မိန်းမ ဘာကွာသလဲ”
ပါပု - “ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ စိတ်မပူဘူး”

သာဓု - “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့
ယောက်ျားကို ယူချင်ရင် ဖြစ်မလား”
ပါပု - “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးခါယူရမယ်”

သာဓု - “ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ပါပု - “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောက်ျားတွေ
အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”

သာဓု - “ကိုယ့်မိန်းမနဲ့စကားများကြရာမှာ ကိုယ်က အနိုင်ရတယ်ဆိုရင် ဘာလုပ်ရမလဲ“
ပါပု - “ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်”

သာဓု - “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
ပါပု - “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို
စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”

သာဓု - “ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ”
ပါပု - “ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ”

ယခုအပတ် သတင်းအစီအစဉ်



(၁) လွန်ခဲ့သောရက်ပိုင်းအတွင်း စက်မှု(၁)၀န်ကြီးဌာနမှ ဆိုလာအင်နာဂျီသုံး မီးသီး၊ မီးချောင်းနှင့် ဓာတ်မီးများ စမ်းသပ်တီထွင် ထုတ်လုပ်ခဲ့သည် ။ အဆိုပါ ထုတ်ကုန်များသည် ဆိုလာအင်နာဂျီကို ကြာရှည် သိုလှောင်ထားနိုင်စွမ်း မရှိသော်လည်း နေရောင်ခြည် တိုက်ရိုက်ကျရောက်နိုင်သောနေရာများတွင် ဘက်ထရီမလိုပဲ အလင်းရောင်ထုတ်လုပ်နိုင်သည်ဟု သိရသည်။

(၂) ရူးပေါဂိုဏ်းမှ ငှက္ကထသည် စက်မှု(၂)မှ အသစ်တီထွင်ထုတ်လုပ်သော MWE2345အမျိုးအစား ပိတ်ဖောက်ဇာဖြင့်ပြုလုပ်သည့် ကျည်ကာအက်ျီအား စမ်းသပ်ရန်အလို့ငှာ ကိုယ်တိုင်ဝတ်ဆင်၍ ခြောက်လုံးပြူးဖြင့် ပစ်ခတ်ကြည့်ရာမှ သေလုမျောပါး ဒဏ်ရာရရှိခဲ့သည်။

(၃) ကျန်းမာရေးဝန်ကြီး၏ အကြံပြုချက်အရ ရေနံဆီ တကိုယ်လုံး သုတ်လိမ်းထားခြင်းဖြင့် ခြင်ကိုက်ခံရမှုကိုကာကွယ်နိုင်ဟု သိရှိရသည်။ ထို့အပြင် ကလေးသူငယ်များ ဗိုက်မ၀မည်ဆိုးသောကြောင့် ယင်နားစာများ မ၀ယ်စားရန်လည်းသတိပေးခဲ့သည်။

(၄) ယမန်နှစ်က ကာကွယ်ရေးဝန်ကြီးဌာနမှ ၀ယ်ယူခဲ့သော MZA 123454321 အမျိုးအစား နောက်ဆုံးပေါ် တိုက်လေယဉ်သည် လောက်စာလုံးမှန်ပြီး လယ်ကွင်းထဲသို့ပျက်ကျခဲ့ရာ လယ်ကွင်းနှင့် မိုင် ၉၀ အကွာတွင် နွားကျောင်းနေသူအား တရားခံဟု ယူဆကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

(၅) ထောက်လှမ်းရေးချုပ်ကြီးသည် လွန်ခဲ့သော ၄လက ကျင်းပသော လေးလပတ်
အစည်းအဝေးသို့တက်ရောက်ရန် နေပြည်တော်သို့ ယနေ့နံနက်ခင်း ၁၀ နာရီတွင် ရောက်ရှိခဲ့သည်။ အိမ်အတွက်လိုအပ်သည်များကို မှာကြားပြီး နေ့လည် ၁၂နာရီတွင် ရဟတ်ယဉ်ဖြင့် ဂေလမ်းသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။

(၆) မွေးမြူရေးဝန်ကြီး၏စီမံချက်အရ မွေးမြူထားသော ငါးသားပေါက်များအနက် ၉၀% နှုန်းမှာ ရေနစ်သေဆုံးလျှက်ရှိသည်။ ထိုငါးသားပေါက်များ အလဟသမဖြစ်စေရန် မွေးမြူရေးဝန်ကြီးမှ မုန့်ဟင်းခါးချက်စားခဲ့သည်ဟု သိရှိရသည်။

(၇) လွန်ခဲ့သော ကြာသာပတေးနေ့တွင်ကျရောက်သော ရူးပေါဂိုဏ်းသဘာငတိကြီး၏ ဇနီးထံသို့ အမေရိကန်သမ္မတလောင်း အိုဘားမား က အောက်ပါ မွေးနေ့ဆုတောင်းလွှာကိုပေးအပ်ခဲ့၏ ။


ထာဝစဉ်ပေးလို့ မကုန်တဲ့ တစ်ခုတည်းသော အရာဟာ အချစ် ပါပဲ။

ဖေါ်ဝက်မေးမှကူးယူဖေါ်ပြသည်

ဆိုက်ကားအားလား


`ဘာပြောတယ် လော်ရာ´

`စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´

`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´

`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့
ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´

`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။
ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´

`အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´

`၀င်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။ မင်း ရန်ကုန်က
မာစတာသင်တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း စာခန့်တွေဖတ်လို့ရမယ်။
ပြီးတော့…´

`ရှိတ်စပီးယားပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို
အံ့သြမိပါရဲ့´

`ဘာကွ .. အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို
အချိန်မှာတော့
မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား´

`သိပ်တော့မထူးပါဘူး´

`ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင်
နောက်နှစ်ဆန်းမှာထွက်လာမယ့်
Window Popa (၀င်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open
source တို့ Linux တို့ရဲ့ ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 ) ကိုရော
ဘယ်လိုကိုင်တွယ်မလဲ .. ။ အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window7 တွေ Window8တွေ
နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွားတော့။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို
မလာနဲ့တော့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ်တွေမှာဆိုရင်
ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ´

`ဘာဆိုင်လဲဒယ်ဒီရာ´

`ဆိုင်တာပေါ့ .. On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆ.သ.ရ)
အမျိုးအစားဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ´

`Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ´

`ဒယ်ဒီသိပြီ .. ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး ..
။ မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ
လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့်တင်ရေးကို M.R.T.V ၂၃က
တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။
သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ
ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့
သမီးဗမာစာသင်တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့
.. ဟုတ်ပြီလား´

`ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ´

`ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် `မိုးယံဆင်´ငါးထပ်
လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။
ပြီးတော့ မြကျွန်းသာပန်းခြံထဲက
ရေအောက်ပြခန်းလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလို့လေ´

`စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ´

`ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး
. ဗမာပြည်မှာ မရတာမရှိတော့ဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့
၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။
သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး
တစ်ကောင်လုံးဝါးစားလို့ရအောင်
လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့
အဖြူရောင်ပုန်းရေကြီးလား
.. ဒါမှမဟုတ်´

`တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက ..´

`သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင်
ဒါတွေထည့်စဉ်းစားဖို့ကို
မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့
လေရှုဘူးတွေ ထုတ်ပေးမယ်။
နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့
သမီးမပူရတော့ဘူး။
သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube
တွေရှိတယ်။ အဲဒီအပေါ်
ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး သမီးကို Reception
ကိုပို့ပေးလိမ့်မယ်။
အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်
.. ။ နောက် ဘာတဲ့ ဆက်သွယ်ရေး ဟုတ်လား။ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့
အင်တာနက်ကွန်နက်ရှင်ရပြီး
GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ .. ကိုယ့်ဖုန်းကိုယူလာဖို့ မေ့ရင်လည်း
မပူနဲ့။ လေဆိပ်မှာ
လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။
Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။
အများစုကတော့
ဆသရလို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ´

`သြော် ကောင်းလိုက်တာနော် အစိုးရနဲ့နိုင်ငံရေးရော ……. ´

`အစိုးရ … အစိုးရ .. ဒီအစိုးရတော့ကွာ .. ဒီလိုရှိတယ် … ဒယ်ဒီပြောမယ်´

ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်းအိပ်ယာလန့်နိုးသွားကာ
ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို့လေသတည်း။ 

အလင်းစေတမန်မေးမှရတာလေးကို ကူးယူဖေါ်ပြပါသည်။ ပျော်ရွှင်ပါစေ...။

ခေတ်သစ်ရန်ပွဲ

ဇာတ်လမ်းအစ...
အင်တာနက်ကဖေးဆိုင်တစ်ခုအတွင်း ဆိုင်အ၀င် ကောင်တာတွင်
ဆိုင်ထိုင်နေသောကောင်မလေးနှင့် ကူညီပေးသူကောင်လေးတစ်ယောက်ရှိေ
န၏
ဆိုင်အတွင်း အသည်းအသန်chatting လုပ်နေကြသူ
ကောင်လေးကောင်မလေးများ မျက်စိအစာကျွေးနေသောဦးလေးကြီးများ
တစ်ဖက်အခန်းတွင် ဖရုသ၀ါစာ စကားလုံးများဖောဖောသီသီသုံးပြီး Game
ဆော့နေကြသော အရွယ်မျိုးစုံယောက်ျားလေးများလည်းရှိနေကြသည်

ထိုအချိန်တွင် ဆိုင်အတွင်းသို့
ပိုက်ဆံအိတ်ခပ်ကြီးကြီးလွယ်ထားပြီးမျက်နှာတွင် မိတ်ကပ်များကို
စိတ္တဇပန်းချီဆရာတစ်ယောက်စိတ်ကြိုက်ချယ်ထားသကဲ့သို့ ပြင်ဆင်ထားသော
အမျိုးသမီးကြီးတစ်ဦးဝင်လာလေသည်
“ သမီးရေ အန်တီ့သမီးနဲ့ video chat ပြောချင်လို့ပါကွယ် လုပ်ပေးပါအုန်း ’’
“ဟုတ်ကဲ့ပါ သမီးဘေးက ဒီကွန်ပြူတာမှာထိုင်လိုက်နော်’’

“ လိုင်းတွေကရောကောင်းရဲ့လားကွယ်
ဟိုနေ့ကတော့အန်တီပြောတာအသံကသိပ်မကြားရလို့ကွယ့် အန်တီ့သမီးလေးက
စင်ကာပူမှာလေ သူက အန်တီနဲ့နေ့တိုင်းနီးပါးစကားပြောချင်တာတဲ့
အိမ်ကိုလည်းဖုန်းဆက်ပါတယ်ကွယ်ခဏခဏပဲ အန်တီက
သူ့မျက်နှာလေးပါမြင်ချင်လို့ဒီကိုလာရတာပါ
တကယ်ဆိုအန်တီကလေဒီလိုလူတွေကြားထဲစကားသိပ်ပြောတတ်တာမဟုတ်ဘူး သိတယ်မှတ်လား
ဒီအချိန်ကအရမ်းပူတာလေ အန်တီက Aircon
အခန်းထဲမှာနေရမှနေလို့ကောင်းတာသမီးရဲ့ ”

“ ဟုတ်ကဲ့ ကျွန်မတို့ဆိုင်ကအမြန်နှုန်းက အရမ်းကောင်းပါတယ်အန်တီ
လှစ်လှစ်ကိုပြေးနေတာပဲပြီးတော့ ဒီဆိုင်မှာက မီးစက်ကို ၂၄
နာရီမောင်းထားတာပါ ဒီတော့ Aircon ကလည်းအမြဲအေးပါတယ်ရှင့် သြော်..
ရပြီအန်တီ အန်တီ့သမီးကိုပြောလို့ရပါပြီနော် ဟယ်လို ဟယ်လို
ကြားရလားခဏလေးနော် ရော့အန်တီ ..ပြောလို့ရပါပြီ ”

“အေး သမီးရေ မေမေပါ ကြားရလားသမီးလေးသမီးလေးနေကောင်းရဲ့လား
ဒီနေ့သမီးလေးနားရက်ဆိုလို့
မေမေလာခဲ့တာလေသမီးရဲ့သမီးဖေဖေကတော့မလိုက်လာဘူးလေ
သူကဒီလိုလာပြောရတာကိုရှက်လို့တဲ့ကွယ် တကယ်တော့ဘာရှက်စရာလဲ သမီးရယ်
ကိုယ့်သမီးက နိုင်ငံခြားရောက်နေလို့ ဒီလိုလာပြောခွင့်ရတာလေ
သူများတွေများဒီလိုအခွင့်ရလို့လား လမ်းထဲကမိန်းမတွေကလေ
မေမေ့ကိုမနာလိုတောင်ဖြစ်နေကြတာသမီးရဲ့သိလား
သူတို့မနာလိုပိုဖြစ်အောင်အခုဆို ပိုလို့တောင်လုပ်ပြသေးတယ် မေမေကလေ
ရပ်ကွက်ထဲမှာ နိုင်ငံခြားသွားနေတဲ့သားသမီးရှိတဲ့
မိဘတွေနဲ့ပဲအပေါင်းအသင်းလုပ်တော့တာ
ဒါမှ သူပြောတာကိုယ်သိကိုယ်ပြောတာသူနားလည်ဖြစ်မှာပေါ့သမီးရဲ့ နော်..”

ထိုအချိန်တွင်ဆိုင်အတွင်းသို့ ခပ်ရိုးရိုးပုံစံ
အမျိုးသားကြီးတစ်ဦးဝင်လာသည်ကောင်တာမှကောင်မလေးကို “သမီး
ဦးလေးသားကိုတစ်ချက်လောက်ခေါ်ပေးစမ်းပါကွယ် ” “ဦးလေးသားကဘယ်သူလဲရှင်”
“ညိုမောင်တဲ့ကွယ့် ” “သြော် ဟုတ် ဒီဆိုင်ထဲမှာရှိနေတာလား ခဏလေးနော်” “
ဟာ.. မဟုတ်ဘူးလေ သမီးရဲ့ ဦးလေးသားက မလေးရှားမှာလေ
သူနဲ့စကားပြောချင်လို့သမီးကိုဖုန်းခေါ်ခိုင်းတာ
အရင်တော့ဦးလေးသားအကြီးကဒီကနေလာပြောတယ်ဆိုပဲကွယ့်ဦးလေးကခုမှလာဖူးတာ
ငါ့တူမပဲခေါ်ပေးပါအုန်း ”

(အမျိုးသမီးကြီး……… )
သမီးအလုပ်ရောအဆင်ပြေရဲ့လားသမီးရေ အမ်..ဘာဖြစ်တယ် ဘာလျှောက်တာမရဘူး ပီအာ
(PR) ဟုတ်လား လျှောက်မနေပါနဲ့သမီးရယ် ၀ယ်လိုက်ပါလား အဲဒါကို
..သြော်မရဘူးလားဝယ်လို့ အေးလေဒါဆိုလည်းဘယ်တတ်နိုင်ပါ့မလဲကွယ်
မေမေကပိုက်ဆံပေးရင်ဝယ်လို့ရမယ်ထင်နေတာသမီးရဲ့
ဒါဆိုသမီးလေးကဘယ်လိုလုပ်မှာလဲ ဒီလကုန်မှာ
သမီးနေရမယ့်ရက်ပြည့်သွားပြီဟုတ်လား အဲလိုဆိုတော့ သမီးကပြန်လာရမှာလား
ပြန်တော့မလာနဲ့သမီးရယ် ရပ်ကွက်ထဲကလူတွေကအတင်းပြောကြမှာ

( ဆိုင်မှ ကောင်မလေးနှင့် အမျိုးသားကြီး……)
ဟယ်လို ဟယ်လို မလေးရှားကလားရှင် ခဏလေးနော် မြန်မာပြည်ကဆက်တာပါ
ဦးလေးရပြီနော် ပြောလို့ရပါပြီ ဟယ်လို ဟယ်လို သားလားကွ ငါပါ မင်းအဖေလေ
အေး ….ခွီးတဲ့မှပဲကွာ မင်းကလည်း ငါတို့ကိုအဆက်အသွယ်တောင်မလုပ်တာကြာပြီ
မင်းအဆင်ပြေရဲ့လားကွ ဘာဖြစ်တယ် အိုဖြစ်သွားလို့ဟုတ်လား မင်းက
မိန်းမဘယ်တုန်းကယူလိုက်လို့ အိုသွားတာတုန်းကွ မင်းကွာ
မိဘကိုတောင်မတိုင်ပင်ပဲ ဘိုမတွေကိုယူလိုက်တာလားကွာ
ဒါတော့ငါသိပ်စိတ်ဆိုးတယ်

သြော် နေဖို့ရက်လွန်သွားတာဟုတ်လား ဒါဆိုလည်းပြန်လာလေကွာ
မင်းကအဘတို့ကိုချမ်းချမ်းသာသာထားချင်တယ်
ပိုက်ဆံများများရှာချင်တယ်ဆိုလို့သာငါတို့ကလွှတ်ပေးရတာ
ရွာမှာလယ်လုပ်စားလည်း ထမင်းမငတ်ပါဘူးကွာ ရွာသာပြန်ပြီးအေးဆေးနေပါလားကွာ
မင်းသွားတုန်းက အဘတို့ရောင်းလိုက်ရတဲ့
လယ်တွေနဲ့နွားမကြီးလည်းအခုပြန်ဝယ်ပြီးပါပြီကွ
ငါတို့ဒီမှာအားလုံးအဆင်ပြေတယ်
မင်းပို့တဲ့ပိုက်ဆံတွေအဘတို့ မဖြုန်းပစ်ပါဘူးကွာ

(အမျိုးသမီးကြီး……….)
ဟိုဟာလေသမီးအရင်နေတဲ့ အက်စ်ပတ် ( S pass ) ဆိုလား ဘာလား
အဲဒါကိုပဲပြန်လုပ်ပါလားသမီးရဲ့လုပ်ထားလား အေး အေးကောင်းတယ်သမီး
ပြန်လာဖို့တော့မစဉ်းစားပါနဲ့သမီးရယ် နော် မရခင် ရက်ပြည့်သွားရင်
အဲဒီမှာနေလို့မရတော့ဘူး ဟုတ်လား ဒါဆိုဘယ်လိုလုပ်ရမှာလဲကွယ့်
Stay ရှောင်ရမယ် အေးလေဘယ်တတ်နိုင်ပါ့မလဲကွယ် ဒါနဲ့
သမီးကဘယ်ကိုသွားမှာလဲ ဘယ်လိုဘယ်လို အော်ဇီ ဟုတ်လား ဘာတုန်းသမီးရဲ့
အော်ဇီဆိုတာဘာတုန်းမေမေမှမသိတာ သြော် Australia ကိုလား
အင်းသမီးကသွားမှဖြစ်မယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲသွားပေါ့ကွယ်

ပြန်လာလို့တော့လုံးဝမဖြစ်ဘူးနော်သမီး မေမေတို့ဂုဏ်ငယ်သွားမယ်သမီးရဲ့
ပိုက်ဆံရတာမရတာကအရေးမကြီးပါဘူးကွယ်သမီးလိုရင် ညည်းဖေဖေမသိအောင်
မေမေပို့ပေးမှာသိလား ပြန်သာမလာနဲ့ နော်

(အမျိုးသားကြီး………….)
မင်းတို့က မိုးမလင်းခင်ကတည်းကအလုပ်သွား
မိုးစုန်းစုန်းချုပ်မှပြန်လာရတာဆိုကွ ရွာမြောက်ပိုင်းက
ဖိုးထောင်ကသူ့အိမ်ကို စာရေးတာအဲလိုမျိုးပါတယ်တဲ့ကွ
ပင်ပန်းတာလည်းလွန်ပါရောဆို ညပြန်ရောက်တာနဲ့ တချိုးတည်းအိပ်တာ
အချင်းချင်းတောင်စကားမပြောနိုင်ဘူးဆို
မင်းတို့ဟာကလည်းကွာ ရွာမှာလယ်လုပ်တာထက်ပိုဆိုးနေပါလားကွာ
ဟိုပွဲစားပြောသွားတုန်းကတော့ အဘတို့တတွေ အေးအေးနေတော့ဆိုကွ

အဘသားကဟိုရောက်ရင်ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး Aircon
ခန်းထဲမှာအေးအေးနေရပြီး ပိုက်ဆံရမှာဆို ဒါဆိုဒီကောင်ကငါတို့ကိုလိမ်တာပေါ့
နေပစေအုန်း တစ်ခါလောက်တော့မှတ်လောက်သားလောက်အောင်
ရွာကကာလသားတွေခေါ်လာပြီးပြသနာ သွားရှာပစ်ရမယ်ကွာ ဘာမလုပ်ပါနဲ့လဲကွ
ဒီလိုကောင်မျိုးတွေကို ဒီလောက်တော့ပြောသင့်တာပေါ့ကွာ မင်းကလည်း
ေ….ာက်ရေးမပါတာ ဘာဂရုစိုက်ရမလဲကွ မင်းအဘငါ့အကြောင်းလဲသိတယ်မလား

(အမျိုးသမီးကြီး နှင့် အမျိုးသားကြီးအခြေအတင်ပြောခန်း.. )
အို … အသံကြီးကလည်းအကျယ်ကြီးနဲ့အလိုက်မသိလိုက်တာဒီလူကြီးနှယ်
ဒီဘက်မှာသူများတွေ စကားပြောနေတယ်ရှင့်
ရိုင်းရိုင်းစိုင်းစိုင်းတွေကလည်းပါသေး
အဆင့် ကိုမရှိဘူးတကယ့် တစ်လုံးချိုင့်ပဲ

အလိုဗျာ ခင်ဗျားဘာသာစကားပြောတာ
ကျုပ်ကလာဝင်လုပြောနေလို့လားအသံကျယ်တာဘာဖြစ်တုန်း တိုးတိုးပြောရအောင်
လူမကြားဝံ့တာပြောနေတာမှမဟုတ်တာ
ကျုပ်လည်း ဒီမှာနိုင်ငံခြားကကျုပ်သားနဲ့ပြောနေတာပါဗျ

အမယ်လေး မလေးရှားသွား အလုပ်ကြမ်းလုပ်နေရတဲ့
သားအကြောင်းများစကားလုပ်ပြောနေသေးတယ်
ကျွန်မသမီးကပင်ပင်ပန်းပန်းလုပ်စရာမလိုတဲ့ ဘွဲ့ရရှင့်
အခုလည်းစလုံးမှာသိရဲ့လား
ရှင့်သားလို O ဖြစ်နေတဲ့ မလေးကလူတွေကိုအခု အုံလိုက်ကျင်းလိုက်
ဒီပြန်ပို့ခံနေရတာအားလုံးအသိပဲ
လူကိုများဘယ်ခေတ်မှာနေနေတယ်ထင်လဲ အခုက Internet ခေတ်ရှင့် သိရဲ့လား
ဘာမှကိုဖုံးကွယ်ထားလို့မရဘူး အားလုံးက Internet ပေါ်တက်လိုက်ရင်
အကုန်ပေါ်တယ်

ခင်ဗျားသမီးက စလုံးမှာဟုတ်လား ဘာတုန်းဗျ စလုံးဆိုတာ ဘွဲ့ရဆိုတော့..သိပြီ
စစ်ကိုင်းချောင်မှာသီလရှင်ဝတ်နေတာလား ဘာဘွဲ့ရတာတုန်းဗျ မသုဓမ္မစာရီဘွဲ့လား
ဘယ်နှစ်ဝါရှိပြီတုန်း အေးဗျာ ကျုပ်သားလို လူတွေကိုပြန်ပို့တယ်ဆိုတော့လည်း
ကောင်းတာပါပဲ ကျုပ်တို့ကလည်း ကျုပ်သားကိုပြန်တွေ့ချင်လှပါပြီ
အင်တာနက်တက်တာတွေဘာတွေတော့မသိဘူးဗျ အိမ်သာတက်ရင်လည်းအားလုံးပေါ်တာပါပဲဗျ
ခင်ဗျားနှယ်ဗျာ မသိဘူးလား

ရှင်နော်ရှင် ခက်ပါတယ်လေ ဘာမှနားမလည်တဲ့သူကိုပြောရတာ
နွားကိုချောကလက်ကျွေးသလိုပဲဖြစ်မှာ ကျွန်မသမီးအခုစင်ကာပူမှာ
အက်စ်ပတ်နဲ့အလုပ်လုပ်နေတာရှင့် သိပြီလား ရှင့်သားလို
အို ဖြစ်နေလို့ပုန်းနေရတဲ့ဘ၀မဟုတ်ဘူး

ခင်ဗျားဗျာ သမီးမိန်းကလေးကိုများ
နိုင်ငံခြားလွှတ်ထားတယ်ပြီးတော့လည်းလုပ်ခိုင်းတာအက်စ်ပတ်နဲ့အလုပ်လုပ်ခိုင်းတာတဲ့
ဒါကြွားစရာလားဗျာ တော်တော် နားရှက်စရာတွေ
ကျုပ်သားကယောက်ျားလေးဗျ ဒေါင်ကျကျပြားကျကျ
ခင်ဗျားသမီးကမြန်မာမိန်းကလေးနော် မလုပ်ခိုင်းသင့်ဘူး ဒီလိုမျိုး

ရှင်ဘာတွေပြောနေတာလဲ ကျွန်မသမီးက စာရင်းကိုင်လုပ်တာရှင့် အကောင့်တန့်
(accountant) လုပ်တာ Spass ဆိုတာလည်း ရှင့်သားလို
ပုန်းရှိုးကွယ်ရှိုးနေစရာမလိုအောင်
အစိုးရကအသိအမှတ်ပြုပေးထားလို့နေခွင့်ရတဲ့ခွင့်ပြုမိန့်ကိုပြောတာ ခက်ပါတယ်
တော်ပြီတော်ပြီ ရှင်နဲ့ပြောရတာ အချိန်ကုန်တယ်

သမီးရေ အေး.. ဆောရီးပါသမီးရယ် ဒီမှာလေ ဘေးမှာ
ဘာမသိညာမသိတောသားတစ်ယောက်ကို သမီးအလုပ်အကြောင်းရှင်းပြနေရလို့ပါ
အေးပါသမီးရယ် မေမေသမီးပြောထားတာမမေ့ပါဘူး Work permit
နဲ့သွားတဲ့လူရဲ့မိဘတွေဆိုအရောမ၀င်ပါဘူး Spass ဆိုတန်းတူပေါ့ PR ဆို
သေသေချာချာဂရုစိုက်ပေါင်းမယ်နော်

(အမျိုးသားကြီး…)
အေး.. ဟေ့ကောင် မင်းကျန်းမာရေးလည်းဂရုစိုက်ပါကွာ မင်းကိုပြောရအုန်းမယ်
ရွာတောင်ပိုင်းက
ကျော်ဒွန်းတို့တတွေကမင်းပို့လိုက်တဲ့ပုံတွေကြည့်ပြီးမင်းကို
မြို့သားကြီးနဲ့တောင်တူနေပြီလို့ပြောနေကြတာကွ
ရွာကလူတွေအားလုံးကမင်းကိုသတိရနေကြတာပါကွာ

(အမျိုးသမီးကြီး…. )
သမီးရေ ချစ်သူတွေဘာတွေရောထားနေပြီလား
ဒီအရွယ်ရောက်မှတော့မထားနဲ့မပြောလိုပါဘူးသမီးရယ် သေချာတော့ရွေးနော်သမီး
သမီးပြောပြထားလို့မေမေတောင်မှတ်မိနေပါတယ် ဘာတဲ့ စလုံးကကောင်မလေးတွေက
ကောင်လေးတွေကို C သုံးလုံးနဲ့ရွေးတယ် Condo,, Car,,, Creditcard,,,
ဆိုတာလေ သမီးလည်းအဲလိုရွေးနော်
PR ဆိုအသားမည်းလည်းရတယ် သွားကျဲလည်းလှတယ် ဟုတ်လား ဟားဟား အေးပါသမီးရယ်
ညည်းသိရင်ပြီးတာပါပဲ

သမီးမေမေ့ဆီပို့လိုက်တဲ့ဓါးကြီးပါတိတ်ရောင်စုံကိုဝတ် သမီးပို့တဲ့
အိတ်လေးကိုင်ပြီးမေမေအပြင်ထွက်တုန်းကလေ အမလေးသမီးရယ်
ရပ်ကွက်ထဲကမိန်းမတွေလေ ၀တ်ထားတဲ့ထမီလေးလှလိုက်တာ
အိတ်လေးကဘယ်လောက်ပေးရလဲဟင်ဆိုပြီးအတင်းလိုက်မေးကြတာ
မေမေကလည်းမကြွားချင်ပါဘူးသမီးရယ် ဒါတွေကသမီးလေး စလုံးက၀ယ်ပေးထားတာ
ဒီမှာတောင်ရှိချင်မှရှိအုန်းမှာလို့အားနာနာနဲ့ပဲပြောပြလိုက်ရတယ်

(အမျိုးသားကြီး…..)
ငါ့သား မင်းအဲဒီက မိန်းမတွေတော့ယူမလာနဲ့ကွာသိလား အဘတို့ကငါ့သားကို
ရွာကလုံမတွေနဲ့ပဲယူစေချင်တယ်ကွာ အကြောင်းသိချင်းဆိုတော့ကောင်းတာပေါ့ကွာ
မင်းရည်းစား ရွှေမိလည်း နောက်လဆို ယောက်ျားယူတော့မယ်ဆိုပဲကွာ
ဟိုဘက်ရွာကဆီစက်ပိုင်ရှင်သားလို့ပြောတာပဲ
သူ့အမေကြီးကငွေမက်တာမင်းလည်းအသိပဲလေကွာ
မင်းသွားတော့ရွှေမိခမျာငိုလိုက်တာတဲ့ အခုတော့လည်း
သူ့မိဘစကားမလွန်ဆန်နိုင်ဘူးထင်ပါရဲ့ကွာ

ပူမနေပါနဲ့ငါ့သားရာ အချိန်တန်တော့လည်း ထမီလှန်ရမှာပါ အာ…မှားလို့ကွာ
ဟိုဘက်ကမိန်းမက ထမီကြွားလုံးထုတ်နေလို့ အဘယောင်သွားတာပါ
အချိန်တန်တော့လည်း မင်းမိန်းမတစ်ယောက်ရအောင်အဘတို့လိုက်တောင်းပေးမှာပါ
အဲဒီကမလုံတဲ့မိန်းမတွေသာယူမလာနဲ့ဟုတ်လား အဲဒီနိုင်ငံခြားမှာ မိန်းမလည်တွေကများတယ်
အမေလူလည်မတွေကလည်းသမီးတွေကိုတစ်ထပ်တည်းဖြစ်အောင်သင်ပေးထားတာသိလား
မင်းကအတီးအတနဲ့ ခံနေရမယ်ကွ

ဒါနဲ့နောက်ဆိုမင်းဘာမှမပို့ပါနဲ့ကွာ ဟိုတစ်ခါမင်းပေးတဲ့
ချောကလက်ဆိုတာတွေကိုလည်း ငါတို့မစားတတ်ပါဘူး မင်းတူမတွေတောင်မကြိုက်ဘူးကွ
သူတို့ကပြောတယ် မင်းတို့နိုင်ငံခြားကလုပ်တဲ့ထန်းလျက်ကတို့လုပ်တဲ့ထန်းလျက်လောက်တောင်
အရသာမရှိဘူးတဲ့ကွ အရောင်ကလည်း မည်းမည်းတူးတူးနဲ့ ထန်းလျက်ကမှဖြူသေးတယ်ဆိုလားပဲကွာ

(အမျိုးသမီးကြီး….)
ဒီမှာရှင်ဘယ်သူ့ကိုစောင်းပြောနေတာလဲ ကျွန်မဘာသာလူလည်မ
မကလို့ပန်ကာမပဲဖြစ်ဖြစ် ရဟတ်မပဲဖြစ်ဖြစ် ရှင်နဲ့ဘာဆိုင်သလဲ
ယောက်ျားကြီးဖြစ်ပြီး အတင်းကလည်းပြောသေး ရှင့်သားလို အိုဖြစ်နေတဲ့
အောက်လမ်းကသွားတဲ့သူမျိုးကိုဘယ်သူကမှ စိတ်လည်းဝင်စားမှာမဟုတ်ဘူးပူမနေနဲ့

(အမျိုးသားကြီး…)
အတင်းမပြောရပေါင်ဗျာ ခင်ဗျားနောက်ကွယ်မှာပြောမှအတင်းဖြစ်တာပေါ့
ခုကဘေးတင်ပြောနေတာ အတင်းလည်းမပြောဘူး လုလည်းမပြောဘူး အမှန်ကိုပြောနေတာ
ကျုပ်သားကိုကျုပ်စိုးရိမ်လို့မှာတာ
အောက်လမ်းကပဲသွားသွားအထက်လမ်းကပဲသွားသွား ဘယ်လိုပဲဖြစ်ဖြစ်
နိုင်ငံခြားတော့ရောက်သွားတာပဲမှတ်လား
ကျုပ်သားလေးကျုပ်တို့ကို လုပ်ကျွေးနေတာဗျ ခင်ဗျားတို့လို ခေတ်မီချင်လို့
ကြွားချင်လို့ ငွေကုန်ခံပြီးသားသမီးကိုအဝေးပို့ထားတာမဟုတ်ဘူး
ဘယ်နှယ့်ဗျာကိုယ့်လည်းတတ်နိုင်သားနဲ့ သားသမီးကိုများ ဂုဏ်ပြိုင်ချင်လို့
မိဘရင်ငွေ့နဲ့ဝေးတဲ့နေရာပို့ထားရက်တာ အံ့သြမဆုံးဘူး

(အမျိုးသမီးကြီး ခါးထောက်မတ်တပ်ရပ်လျက် …..)
ရှင် ရှင် လူပါးဝလှချည်လား ကျုပ်တို့ဘာသာဘာလုပ်လုပ် ဖြစ်နိုင်ရင်
ကျုပ်တို့ကလေ သားသမီးကို အဝေးတင်မကဘူး သိကြားမင်းနေတဲ့ တာဝတ
ိံသာတောင်ပို့ချင်သေးတာ မြင့်ချင်သလောက်မြင့်ပစေ
ဘာဖြစ်လဲဂုဏ်ပြိုင်တော့ ပြိုင်စရာရှိမှပြိုင်လို့ရတာ
ရှင်တို့လိုတောသားတွေကတော့ဒါမျိုးဘယ်နားလည်ပ့ါမလဲ ခုခေတ်ကဒီလိုပဲရှင့်
နိုင်ငံခြားသွားတဲ့ခေတ်
နိုင်ငံခြားမှာနေမှ လူရာဝင်တဲ့ခေတ်လေ
ရှင်တို့ကမိုးလင်းကမိုးချုပ်လယ်ကွင်းထဲမှာ
ရွှံ့တွေဗွက်တွေထဲကမတက်စတမ်းအလုပ်လုပ်နေကြရတာကိုး ဒါတွေမသိတာမဆန်းပါဘူး

(အမျိုးသားကြီး ဒေါသထွက်သွားသောပုံစံဖြင့်….)
ဘာဗျ ကျုပ်တို့တွေ အဲဒီလိုလယ်ထွန်ပြီးစပါးစိုက်ထားလို့ခင်ဗျားတို့
စားနေတဲ့ ဆန်ဆိုတာရတာ
စားပြီးနားမလည်ဆိုတာ
ခင်ဗျားလို့လိုလူကုံထံဟန်ဆောင်ထားတဲ့သူတွေကိုပြောတာဖြစ်မယ်
ကျုပ်ကိုပြောချင်သလောက်ပြောရတယ် လယ်သမားတွေရဲ့ဘ၀တွေကိုမစော်ကားနဲ့ဗျ
ခင်ဗျားဗျာ မိန်းမဖြစ်နေလို့
မဟုတ်ရင်တော့လက်သီးတစ်လုံးလောက်တော့ကျွေးလိုက်ပြီ

(အမျိုးသမီးကြီး ဆွေ့ဆွေ့ခုန်လျက်……….)
အောင်မယ် လုပ်ရဲလုပ်ကြည့်စမ်းပါ ကျုပ်လက်ဝါးကလည်း ပါးမရွေးဘူးရှင့်
ငြိမ်ခံနေမယ်များမှတ်သလား သူများသေးသေးတင်မခံချင်လို့နာမည်ကိုက
မူယာလို့ပေးထားတာ သေးသေးတင်မပါဘူးသိလား

( အမျိုးသားကြီး….)
အေးလေ ဒါကြောင့် အမေရောသမီးရော မူယာမာယာများနေကြတာပေါ့
မူရင်းကောင်းမှမိတ္တူကောင်းမယ်ဆိုတဲ့စကားသိပ်မှန်တာပဲကိုး
ခင်ဗျားမိဘတွေ နာမည်ပေးတာတကယ်တော်တယ်ဗျာ ဒီမှာ ဒေါ်မူယာမာယာကြီးကျုပ်ကလည်း
သံခဲတဲ့ တစ်ခဲတည်းရှိတာ နှစ်ခဲရှိလို့ကတော့ အရည်ကျို
မီးမြှိုက်ပစ်လိုက်မယ် တစ်ပွဲတစ်လမ်းစမ်းချင်လို့လား အဒေါ်ကြီး လာလေ
မိန်းမဆိုပြီး ညှာမယ်မထင်နဲ့



Credit:     
http://chocolatemyotaw.ning.com

အဖြေတောင်းနည်း

တစ်ခါက "ချစ်တယ် "နဲ့ "မုန်းတယ် "တို့ ဟာ အတူတူ နေကြရောတဲ့ ..
တစ်နေ့တော့ မုန်းတယ် ကကွယ်လွန်သွားရှာသတဲ့.......
ဒါဆို အိမ်မှာဘယ်သူကျန်ခဲ့မှာလဲ..?

ဒီပုံပြင်လေးကို ကိုယ်ချစ်တဲ့ကောင်မလေးကိုပြောပြလိုက် ဗျ.....
အဖြေရရော့.... ဟိဟိ မိုက်တယ်နော့်...
--
Aung Aung
သုခိအတ္တာနံပရိ ဟရ န္တု.....