လာလည်တဲ့ တွက်ကျေးဇူးတင်ပါသည်
အင်တာနက်မှ နှစ်သက်မိတာလေးများကို စုဆောင်းထားခြင်းသာ ကျနော်၏ ကိုယ်ပိုင်များ မဟုတ်ပါ။ လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါသည်။ (TheinZawYgn)
06 November 2011
ဆုတောင်းမှားသော နတ်သမီးလေး
ဟို ရှေ့ရှေ့တုန်းက ရွာတစ်ရွာမှာအသက်ကြီး တဲ့ လင်မယား နှစ်ယာက်ရှိသတဲ့......သူတို့နှစ်ယောက်
တစ်ယောက်ကို တစ်ယောက်ချစ်ကြသတဲ့...အသက်ကလည်းကြီးလေ ပိုချစ်လေဆိုတာ .....
သူတို့လင်မယားနှစ်ယောက်ပေါ့..... သူတို့ ဟာ ဘုရားတရားကို လည်း အမတန်မှ ရိုသေ ကိုင်းရှိင်း
ကြတယ်...တစ်နေ့တော့ အဘိုးဟာ ဘုရားသောက်တော်ရေ ဆွမ်း တို့ကပ်ပြီး ဆုတောင်းသတဲ့....
ရှေ့လူကြီးဆိုတော့ အသံကျယ်ကျယ်နဲ့ ဆုတောင်း သတဲ့...သူက ဒီလိုဆုတောင်းသတဲ ..
'' တပည့်တော်သူ တိုသို့ပြုရ ကုသိုလ်ကြောင့် နောင်ဘ၀တွင် နတ်သမီး တစ်ဖက်ငါးရာနဲ့ နေရတဲ့နတ်သား
ဖြစ်ရပါစေလို့ '' အသံကျယ်ကျယ်နဲ့ဆုတောင်းနေသတဲ့...အဲလို ဆုတောင်းသံကို အဘွားက ကြားတော့
တွေ့မယ်တွေ့မယ်ဆို ပြီး ဘုရားခန်းထဲဝင်သွားပြီး ဘုရားပန်းကပ်ပြီး ဆူတောင်းသတဲ့.....
တပည့်တော်မ သည် တိုသို့ပြုရကုသိုလ်သောကြောင့် နောင်ဘ၀တွင် လှပသော နတ်သမီးဖြစ်ပြီး
နတ်သားတစ်ဖက် ငါးရာနဲ့ နေပါရစေသား ဟု ဆုတောင်းလိုက်သတဲ့......
သို့နှင့် ဘိုးဘိုးနဲ့ ဘွားဘွား ဟာ အသက်ကြီးလာ သောရောဂါ ကြောင့် ရှေ့ဆင့်နောက်ဆင့်
ကွယ်လွန်သွားကြတယ်... သီလရဲ့ တခိုးတွေကြောင့် နှစ်ယောက်စလုံးဟာ နတ့်ပြည်ရောက်သွားကြတယ်။
သူတို့နှစ်ယောက်နတ်ပြည်မှာတွေ့တော့ အဘွားက စတင်နှုတ်ဆက်တယ် ဟဲ့  အဘိုးကြီး နင် နတ်ပြည်မှာ
နေရတာ အဆင်ပြေလား. ...အေးငါဆုတောင်းတဲ့ အတိုင်းဖြစ်လာတယ် တစ်ဖက်ကို နတ်သမီး ငါးရာနဲ့
ငါနေရတယ်...အဆင်ပြေတာပေါ့ဟယ်...ဟဲဟဲ ဆိုပြီးရာယ်နေသတဲ့....ဒါနဲ့ အဘွားကြီး မင်းကကော
အဆင်ပြေလား ...အဘွားက မျက်နှာ ကြီး ရှက်မဲ့ကာ ငါလည်းဆုတောင်းပြည့်ခဲ့ပါတယ်ဟာ..
ဒါမေမယ့် နတ်သားတစ်ဖက်ငါးရာနဲ့ ဆိုတော့ ငါကနေ့လည်း မအိပ်ရ ညလည်းမအိပ်ရဖြစ်နေရတယ် တဲ့...
အဘွားပြောတာ တမျိုးမထင် ကြပါနဲ့နော် သူက နတ်ဝေရာဝစတွေကိုလုပ်ပေးရလိုံ့ ညီးတာပါ
Labels:
ဟာသဆိုင်ရာ