အမျိုးသားတွေရဲ့ သက်စောင့်ဟော်မုန်းတွေ ထဲက တစ်ခု
ဖြစ်တဲ့
တက်စတိုစတီရုန်း (Testosterone) ဆိုတာ အားလုံးကြားဖူး
ကြမှာပါ။(နောက်တစ်ခုကတော့ အဲန်ဒရိုဂျင် (Androgen) ဆိုတာ ဖြစ်ပါတယ်)
ဟော်မုန်းလို့ ပြောလိုက်တာနဲ့ လူအများက ဘာကိုပဲ ပြေးစဉ်းစားမိသလဲဆိုတော့
လိင်ကိစ္စမှာ အသုံးဝင်မှုကိုပဲ တွေးမိကြပါတယ်။ ဟော်မုန်းဆေးလို့ပြောရင်ပဲ
ဟိုဆေးလိုလို ဒီဆေးလိုလို ထင်တတ်ကြပါတယ်။
တကယ်တမ်းကတော့ လူ့ခန္ဓာကိုယ်မှာ ဟော်မုန်းများ များပြားစွာ ရှိနေပြီး
အဲဒီဟော်မုန်း တစ်ခုချင်းစီမှာ များပြားလှတဲ့ လုပ်ငန်းတာဝန်တွေ
ရှိနေပါတယ်။အဲဒီတာဝန်တွေဆိုတာကလည်း ခန္ဓာကိုယ်က ဆဲလ်တွေရဲ့ အသက်ရှင်
ရပ်တည်ရေး ဓာတုဓာတ်ပြုမှုတွေ ၊ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုနဲ့တစ်ခု
အချက်ပေး ညှိနှိုင်း ဆောင်ရွက်မှုတွေ အတွက် အထောက်အပံ့ ပစ္စည်းတွေအနေနဲ့၊
အချက်ပြပစ္စည်းတွေ အနေနဲ့ အသက်ရှင်ရေး လုပ်ငန်းစဉ် (Vital Activities)
များကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်မှာ
ပုံမှန် ကာယ ဥာဏ စွမ်းရည်တွေ ထက်မြက်နေစေဖို့၊ အာရုံစူးစိုက်နိုင်စွမ်း
ဖန်တီးတီထွင်နိုင်စွမ်း တွေကောင်းမွန်နေစေဖို့၊ အကောင်းမြင်စိတ်
ကြိုးစားတည်ဆောက်လိုစိတ် အောင်မြင်မှု ပန်းတိုင်ဆီ
သွားချင်တဲ့စိတ်ဓာတ်အင်အားတွေ ပုံမှန်တက်ကြွနေစေဖို့၊ လူမှုရေးမှာ
အပြုသဘောဆောင်ပြီး အောင်မြင်နိုင်ဖို့၊ မျိုးဆက်ပွားကိစ္စမှာ
ကျန်းမာရွှင်လန်းပြီး စိတ်သွားတိုင်း ကိုယ်ပါနေစေဖို့က တက်စတိုစတီရုန်း
မရှိမဖြစ် လိုအပ်လှပါတယ်။
ဒါကြောင့် တက်စတိုစတီရုန်း လိုအပ်တဲ့ ပမာဏထက် နည်းသွားခဲ့ရင်
လိင်မှုကိစ္စမှာ စွမ်းဆောင်ရည် ကျဆင်းလာရုံမျှမက စိတ်ဓာတ်ပိုင်းဆိုင်ရာ
ဆိုးဝါးစွာ ထိခိုက်စေမှာဖြစ်ပါတယ်။ အသက်ရှည်ကျန်းမာရေးနဲ့ ဆိုင်တဲ့
ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတာဝန်တွေ မှာလဲ သွားထိခိုက်လို့ ကျန်းမာရေးလဲ
အဖက်ဖက်ကနေ ကျဆင်းလာမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ ဆိုရင်
ဘာကြောင့်မှန်း မသိဘဲ ဒေါသထွက်နေခြင်း၊ အားငယ်နေခြင်း၊
ကြိုးစားအားထုတ်လိုစိတ် လူတွေကြားထဲ ပြောဆိုဆက်ဆံလိုစိတ် လျော့ပါးနေခြင်း
စတဲ့ အထက်မှာ ပြောခဲ့တဲ့ ကောင်းကျိုးတွေရဲ့ ဆန့်ကျင်ဘက် ဆိုးကျိုးတွေကို
ရရှိမှာဖြစ်ပါတယ်။
ဒီလိုတွေခံစားနေရရင်လဲ ကျွန်တော်တို့ဟာ တက်စတိုစတီရုန်း နည်းနေလို့ ဆိုတာ
သတိထားမိမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလို ကျန်းမာရေးဗဟုသုတမျိုးက
တော်ရုံနဲ့ မသိနိုင်တာရယ်၊ လက္ခဏာတွေက အရမ်းသိမ်မွေ့လွန်းပြီး
မသိသာလွန်းလို့ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားများ အနေနဲ့ အထက်ပါ
လက္ခဏာများ ကာလကြာရှည် မိမိမှာ ခံစားနေရလားဆိုတာ ဆန်းစစ်ကြည့်ပါ။
တက်စတိုစတီရုန်းဟော်မုန်းဟာ ကိုယ်ထဲမှာ ပြည့်ပြည့်၀၀ ရှိနေမယ်ဆို
အစစအရာရာ ကောင်းကျိုးတွေက များလှပါတယ်။ ဒါကြောင့် မက်ဖန်ပရိသတ်များအတွက်
တက်စတိုစတီရုန်း ပြည့်ဝအောင် စားသောက်နေထိုင် နည်းများကို
ဖော်ပြပေးလိုက်ပါတယ်။
(၁)ငါးကို တတ်နိုင်သမျှ နေ့စဉ်လိုလို စားပေးပါ။
ငါးတွေထဲမှာပါတဲ့ အဆီတွေဟာ တက်စတိုစတီရုန်းပမာဏ တက်လာစေရုံ မကဘဲ
နှလုံးရောဂါများ ဖြစ်ပွားနိုင်မှု အန္တရာယ်ကိုလည်း တစ်ဝက်တိတိ
လျှော့ချပေးတယ်လို့ အတိအကျ တွေ့ရှိထားပါတယ်။(ယနေ့ ကမ္ဘာမှာ အမျိုးသားတွေဟာ
သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေထက် နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ပွားမှု ၅
ဆမြင့်မားနေတာကို တွေ့ရှိရတာမို့ ဆင်ခြင်သင့်ပါတယ်) ငါးတွေရဲ့ အဆီဟာ
ဆံပင်မွေးညင်းတွေကို သန်စွမ်းလှပစေပြီး အရေပြားကို စိုပြေ၀င်းမွတ်စေတယ်၊
မကောင်းတဲ့ သွေးတွင်းအဆီ ကိုလက်စထရော တွေကို လျှော့ချပေးတယ်၊
အလုပ်လုပ်ပြီးသွားတဲ့အချိန်မှာ ကျန်ခဲ့တဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို
သိသိသာသာ ခံနိုင်ရည် ရှိစေတယ်လို့ ဆိုပါတယ်။ အဆစ်အမြစ်တွေရဲ့
လုပ်ငန်းဆောင်တာကို မြှင့်တင်ပေးပြီး ပျက်စီးယိုယွင်းခြင်းကို ထိရောက်စွာ
ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါတွေထက် အသိသာဆုံး အကျိုးကျေးဇူးကတော့ ငါးမှန်မှန်စားပေးရင်
ရက်ပိုင်းအတွင်း လိင်မှုကိစ္စမှာ စိတ်ပိုင်းဆိုင်ရာရော
ရုပ်ပိုင်းဆိုင်ရာပါ တိုးတက်မှု ရရှိလာစေမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီလို
စွမ်းတဲ့ အရာတွေထဲမှာ ငါးဆီတွေဟာ ဈေးအပေါဆုံးနဲ့ ထိရောက်မှုအရှိဆုံး
အကျိုးအများဆုံး ဖြစ်တယ်လို့ ပညာရှင်များက ထောက်ခံချက် ပေးထားပါတယ်။
(၂)ကြက်သွန်ဖြူ၊သံလွင်ဆီနဲ့ အခွံမာသီးအဆံများ၊ဥများ စားပေးပါ။
အထက်ပါစားစရာများဟာ သင့်ရဲ့ တက်စတိုစတီရုန်း ပမာဏကို အမှန်တကယ် သိသာစွာ
တက်စေမှာဖြစ်ပါတယ်။ ဒီအရာတွေ အားလုံးမှာ တက်စတိုစတီရုန်း ထုတ်လုပ်ရာမှာ
မရှိမဖြစ်လိုအပ်တဲ့ ကုန်ကြမ်းတွေ ပါဝင်လို့ပဲ ဖြစ်ပါတယ်။ allicin
လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်း တစ်မျိုးဟာ ကြက်သွန်ဖြူထဲမှာ ပါဝင်ပြီး
တက်စတိုစတီရုန်း မြင့်မားရေး အတွက် အဓိက အားပေးပြီး ဒီအာနိသင်ကို
လိုချင်ရင် လတ်ဆတ်တဲ့ ကြက်သွန်ဖြူကိုပဲ စားရတယ်လို့ သိရပါတယ်။
(၃)သွပ်ဓာတ် (Zinc) ကိုဖြည့်စွက်ပေးပါ။
တက်စတိုစတီရုန်းကို ခန္ဓာကိုယ်ထဲမှာ များပြားစွာ ထိန်းသိမ်းထားနိုင်ဖို့
zinc လိုပါတယ်။ zinc ချို့တဲ့မှုဟာလဲ ထူးထူးခြားခြား သိသာတဲ့ လက္ခဏာတွေ
တော်ရုံနဲ့ မပြတဲ့အတွက် ကျွန်တော်တို့ မသိနိုင်ဘဲ ချို့တဲ့နေတတ်ပါတယ်။
ဒီက နေ့စဉ် အစားအသောက်ပုံစံ နဲ့ကတော့ zinc ချို့တဲ့မှု ဖြစ်ဖို့ လူတိုင်း
တော်တော်လေး နီးစပ်ပါတယ်။
နောက်တစ်ချက်က ကိုယ်ထဲမှာ ရှိတဲ့ Aromatase လို့ခေါ်တဲ့ အဲန်ဇိုင်း
(Enzyme) တစ်မျိုးက ရှိပြီးသား တက်စတိုစတီရုန်းတွေကို မိန်းမဟော်မုန်း
အီစထရိုဂျင်တွေအဖြစ် ပြောင်းပစ်ပါတယ်။ ဒါကို zinc တစ်မျိုးထဲကသာ
ဟန့်တားနိုင်လို့ ကိုယ်ထဲမှာ zinc ချို့တဲ့နေမယ်ဆိုရင် အသက်ကြီးရင်
အီစထရိုဂျင်ကြောင့် ဖြစ်တဲ့ ကင်ဆာတွေတောင် ဖြစ်လာနိုင်ပါတယ်။ zinc
ကြွယ်ဝတဲ့ စားစရာတွေကတော့ ဂျုံ၊ သလဲသီး၊ နာနတ်သီး၊ အခွံမာသီးအဆန်များ၊
နေကြာစေ့ ၊ဖရုံသီးစေ့(အ၀ါ၊အနက်) စတာတွေ ဖြစ်ပါတယ်။ (Becozinc
ဘီကိုဇင့်ဆိုတဲ့ ဆေးတစ်မျိုးလဲ ကြော်ငြာနေတာတွေ့ရပါတယ်။
သောက်သုံးနိုင်ပါတယ်။ ဘယ်အားဆေးကိုမှ တစ်ခါသောက်ရင် ၁၀
ရက်ဆက်တိုက်ထက်တော့ မသောက်တာ အကောင်းဆုံးပါ၊ ရက်အနည်းငယ် ခြားပြီး
ပြန်သောက်နိုင်ပါတယ်)
(၄)ပန်းဂေါ်ဖီစိမ်းနဲ့ အစိမ်းရောင် အသီးအရွက်များစားပေးပါ။
ဒါတွေက zinc လိုပဲ တက်စတိုစတီရုန်း ကနေ အီစထရိုဂျင်
ပြောင်းလဲသွားခြင်းကို ဟန့်တားပေးပါတယ်။
Last Updated at 2010-01-29 on 22:49:22 Probe by : သီဟသစ်(ဆေး-၂) Mutdfan.com
အလင်းစေတမန်အဖွဲ့မေးမှ ကူးယူဖေါ်ပြပါသည်။

No comments:
Post a Comment