တောင်စွယ်မှာ
နေကွယ်တာကိုမြင်သားပဲ
ဘာဖြစ်လဲ...
အဲ့ဒိဓားကမလွဲခဲ့ဘူး ဆိုယင်တောင်
ငါကလည်း မပြုလဲခဲ့ပါဘူးကွယ်....။
အမှားများစွာကို ရှာတွေ့လိမ့်မယ်...
အမှန်တခုကိုလည်းရှာရလိမ့်ဦးမယ်။
အမှန်ကို မမြင်နိုင်တဲ့မျက်လုံးနဲ့စာရင်
ကန်းနေတဲ့မျက်လုံးက ပိုကောင်းတယ်
တချို့လူတွေရဲ့စိတ်ထားက
စကတ်ရှည်ရှည်ဝတ်ထားကြတယ်
ငါခုတ်ခဲ့တာ မဟုတ်ပါဘူး
ငါက......
အဲ့ဒိအတ်ကွဲကြောင်းထဲမှာ
ညပ်နေတဲ့ ဓါးတလက်ပါ။
ကျနော် ရဲရင့်ပါ့မယ်အရှင်
ဒါပေမယ့်
ကျွန်တော့အတွက် သွေးကိုတော့
အဖြူအတိုင်းပဲပေးစေချင်ပါတယ်။
ငယ်သူ့စကားကို ကြားလွယ်ပါ့မလား
ကျွန်တော်ကတော့ ကောင်းကင်ကိုမော့ပြီး
စောင့်စားနေခဲ့ရ။
လူကြီးလူကောင်းမတယောက်
လက်ဖျောက်တချက်တီးလိုက်တယ်
(ဆပ်ကပ်ဆရာတယောက်က ခွေးလိမ္မာကို အချက်ပေးလိုက်သလိုမျိုး)
အဲ့ဒီမှာ ရိုကျိုးနေတဲ့ ငါ့နှလုံးသားကလည်း
မီးကွင်းထဲကျွမ်းထိုးဝင်လိုက်တော့တာပဲ။
နေကွယ်တာကိုမြင်သားပဲ
ဘာဖြစ်လဲ...
အဲ့ဒိဓားကမလွဲခဲ့ဘူး ဆိုယင်တောင်
ငါကလည်း မပြုလဲခဲ့ပါဘူးကွယ်....။
အမှားများစွာကို ရှာတွေ့လိမ့်မယ်...
အမှန်တခုကိုလည်းရှာရလိမ့်ဦးမယ်။
အမှန်ကို မမြင်နိုင်တဲ့မျက်လုံးနဲ့စာရင်
ကန်းနေတဲ့မျက်လုံးက ပိုကောင်းတယ်
တချို့လူတွေရဲ့စိတ်ထားက
စကတ်ရှည်ရှည်ဝတ်ထားကြတယ်
ငါခုတ်ခဲ့တာ မဟုတ်ပါဘူး
ငါက......
အဲ့ဒိအတ်ကွဲကြောင်းထဲမှာ
ညပ်နေတဲ့ ဓါးတလက်ပါ။
ကျနော် ရဲရင့်ပါ့မယ်အရှင်
ဒါပေမယ့်
ကျွန်တော့အတွက် သွေးကိုတော့
အဖြူအတိုင်းပဲပေးစေချင်ပါတယ်။
ငယ်သူ့စကားကို ကြားလွယ်ပါ့မလား
ကျွန်တော်ကတော့ ကောင်းကင်ကိုမော့ပြီး
စောင့်စားနေခဲ့ရ။
လူကြီးလူကောင်းမတယောက်
လက်ဖျောက်တချက်တီးလိုက်တယ်
(ဆပ်ကပ်ဆရာတယောက်က ခွေးလိမ္မာကို အချက်ပေးလိုက်သလိုမျိုး)
အဲ့ဒီမှာ ရိုကျိုးနေတဲ့ ငါ့နှလုံးသားကလည်း
မီးကွင်းထဲကျွမ်းထိုးဝင်လိုက်တော့တာပဲ။
No comments:
Post a Comment